callcallingYellow

Profile Of Maung Sein Win Co.,Ltd.

မောင်စိန်ဝင်းနှင့်ညီများ ရောင်းဝယ်ရေးလုပ်ငန်းကို ဦးကြည်မှ ၁၉၈၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံ စက်ပစ္စည်းလုပ်ငန်းဈေးကွက်တွင် အောင်မြင်မှုရရှိလာပြီး ၁၉၉၉ ခုနှစ်တွင် မောင်စိန်ဝင်းနှင့်ညီများ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်အား ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဖခင်ကြီး အောင်မြင်စွာလုပ်ကိုင်ခဲ့သော လုပ်ငန်းကို မောင်နှမငါးယောက်မှ အောင်မြင်စွာဆက်လက်လုပ်ကိုင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၀ တိုင်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတော်မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ နှစ်စဉ် အခွန်များကို နိုင်ငံတော်သို့ မပျက်မကွက် ပေးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ဖြန့်ဖြူးရောင်းချသော ပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ အရည်အသွေးပြည့်မှီသော ပစ္စည်းများကို တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ပြည်တွင်းဖြစ် အရည်အသွေးပြည့်မှီသော ပစ္စည်များကိုလည်း ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသော ပစ္စည်းများမှာ ကျောက်ခွဲစက်၊ ကျောက်ဖောက်စက်များ၊ ဒိုင်နမိုများ၊ ဟာလာစက်များ၊ အင်ဂျင်အမျိုးမျိုး၊ မီးစက်အမျိုးမျိုး၊ ရေငုပ်စက်အမျိုးမျိုး၊ လယ်ယာသုံးရေစုပ်ပန့်အမျိုးမျိုး၊ ရေမော်တာအမျိုးမျိုး၊ ကွန်ပရက်ဆာအမျိုးမျိုး၊ ရွှေတွင်းသုံးပစ္စည်းအမျိုးမျိုး၊ ကျောက်တွင်းသုံးပစ္စည်းအမျိုးမျိုး၊ ဘိလပ်မြေမွှေစက်အမျိုးမျိုး၊ ရေပိုက်အမျိုးမျိုး၊ အဆောက်အဦး ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စက်အပိုပစ္စည်းအမျိုးမျိုး စသည်တို့ဖြစ်ပါသည်။ တစ်ချို့စက်ပစ္စည်းများကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

လက်ရှိတွင် အရောင်းဆိုင် (၄) ဆိုင်ရှိပြီး စက်ပစ္စည်းများကို-

  • ဆိုင်အမှတ် (၁) အမှတ် ၁၈၃၊ ၈၃ လမ်း၊ ၂၆ x ၂၇ လမ်းကြား၊ မန္တလေးမြို့။
  • ဆိုင်အမှတ် (၂) အမှတ် ၂၁၄၊ ၂၇ လမ်း။ ၈၂ x ၈၃ လမ်းကြား၊ မန္တလေးမြို့။ (အပိုပစ္စည်း)
  • ဆိုင်အမှတ် (၃) (၈၁)လမ်း၊ ၂၁ x ၂၂ ကြား၊ ဗောင်းတော်ကျဘုရားနှင့် မျက်နှာချင်းဆိုင်၊ မန္တလေးမြို့။
  • ဆိုင်အမှတ် (၄) အမှတ်-၉၃၇၊ ရှုခင်းသာမြို့ပတ်လမ်း၊ အောင်ဇေယျလမ်းနှင့် မြို့မ ၁၂-လမ်းကြား၊ (၄) မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
  • စသည်ဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
  • စုစုပေါင်းဝန်ထမ်းအင်အားမှာ ၂၀၂၂ ခုနှစ်တွင် (၁၆၀) ဝန်းကျင်ခန့်ရှိပါသည်။